မြန်မာ IT ဝါသနာရှင်များအတွက် ရည်ရွယ်ပါသည်။  ပညာကိုသေရွာ ယူမသွားကြေး  ပညာဟူသမျှ  ဖြန့် ဝေကြ... 

-->

Wednesday, April 27, 2011

Canon LBP 2900 64-bit driver for Windows


မြန်မာ အိုင်တီမန်း(မန္တလေး) http://nyinyi.mandalaybloggers.org
ရုံးက Laptop တစ်လုံးမှာ Canon LBP 2900 Printer Driver တင်ဖို့လုပ်တော့ ... Laptop မှာပါတဲ့ Windows က 64-bit Version ဖြစ်နေရော...။ လက်ဝယ်ရှိတဲ့ Printer Driver က 32-bit ဆိုတော့ driver တင်ဖို့ ဘယ်လိုမှ အဆင်မပြေဘူးလေ...။

အဲဒါနဲ့ ဘာပဲလိုလို ... မန္တလေး လမ်းညွန်...အဲလေ.. မှားလို့... အင်တာနက်ကြီးမှာ ရှာဖွေလိုက်တာ တွေ့သွားတယ်။ ပြီးတော့ Driver တင်ကြည့်တယ် အိုကေသွားတယ်။ အဲဒီတော့...

စာဖတ်သူတို့လဲ ကျွန်တော့်လို ကြုံတွေ့ခဲ့ရင် အဆင်ပြေစေဖို့ Canon LBP 2900 64-bit Printer Driver ကို တင်ပေးလိုက်ပါတယ် လိုအပ်ပါက ယူပါလေ...။

Download Link: Canon LBP 2900 64-bit Driver

သူက Windows 2003, Windows 2008, Windows 7, Windows Vista, Windows XP စသည့် 64-bit Windows Version တွေမှာ အသုံးပြုလို့ရပါကြောင်း http://software.canon-europe.com တွင် ဖော်ပြထားပါသည်။ အိုင်တီမန်း(မန္တလေး)

Saturday, April 23, 2011

MyanDroid Soft Keyboard Zawgyi for Android


မြန်မာ အိုင်တီမန်း(မန္တလေး) http://nyinyi.mandalaybloggers.org
Android ဖုန်းတွင် မြန်မာစာရိုက်၍ အသုံးပြုနိုင်ရန်

Android ဖုန်းမှာ ဇော်ဂျီဖောင့် ထည့်သွင်းနည်း သိပြီးပြီဆိုတော့ Myanmar Tutorials က ရေးသားသည့် MyanDroid Soft Keyboard Zawgyi Beta ကို အသုံးပြုပြီး မြန်မာစာ ရိုက်သွင်းနိုင်အောင် ပြုလုပ်ပုံတို့ကို ဖော်ပြပေးလိုက်ပါသည်။

Download Link: MyanDroid-Soft-Keyboard-Zawgyi-Beta.apk

ပြုလုပ်ပုံ ပြုလုပ်နည်း အဆင့်ဆင့်ကို အသေးစိတ် လေ့လာလိုပါက Myanmar Tutorials ( www.myanmartutorials.com ) တွင် အသေးစိတ် လေ့လာနိုင်ပါသည်။

သို့မဟုတ်

ebook အဖြစ် ဖတ်ရှုလိုသော၊ သိမ်းထားလိုသော စာဖတ်သူတို့အတွက် ကျွန်တော် PDF ဖိုင်ပြုလုပ်ပေးထားပါတယ်။ ဤ PDF ဖိုင်ကို Download လုပ်ပြီး အသေးစိတ် ဖတ်ရှုနိုင်ပါသည်။

Download Link: MyandroidKeyboardbyMyanmarTutoirals.pdf

အိုင်တီမန်း(မန္တလေး)

Friday, April 22, 2011

Android ဖုန်းမှာ ဇော်ဂျီဖောင့် ထည့်ခြင်း နည်းလမ်း ( ၁ )


မြန်မာ အိုင်တီမန်း(မန္တလေး) http://nyinyi.mandalaybloggers.org
စာဖတ်သူတို့က ရှေ့မှာ Android ကို ဘယ်လို Root လုပ်တယ်ဆိုတာ သိပြီးပြီဆိုတော့... အခု Root လုပ်ထားတဲ့ Android ဖုန်းမှာ ဇော်ဂျီ မြန်မာစာဖောင့် ဘယ်လိုထည့်သွင်းမလဲဆိုတာကို ဖော်ပြပေးပါ့မယ်။


Android မှာ ဇော်ဂျီဖောင့်ထည့်တော့ ဘာတွေလုပ်လို့ရလဲ...?

ဖုန်းမှာ ဇော်ဂျီဖောင့်နှင့် ဇော်ဂျီ လက်ကွက် ထည့်သွင်းထားမယ်ဆိုရင် Myanmar Website တွေကို ဖတ်လို့ရမယ်။ ရေးလို့ရမယ်။ ဒါအပြင့် ဖုန်း Contacts တွေ၊ SMS တွေမှာပါ မြန်မာလိုရိုက်ပြီး သုံးနိုင်ပြီလေ... တခြားလုပ်လို့ရတာတွေလည်း ရှိပါသေးတယ်...။

ကဲ... သူရဲ့ အကျိုးကျေးဇူးကို သိပြီဆိုတော့။ ဇော်ဂျီဖောင့်ကို ဘယ်လိုထည့်ရမယ်ဆိုတာကို ပြောပါ့မယ်။

Thursday, March 31, 2011

Root Your Android 2.x


မြန်မာ အိုင်တီမန်း(မန္တလေး) http://nyinyi.mandalaybloggers.org
Root ဆိုတာဘာလဲ???
Linux OS မှာတော့ Root ကို Administrator အဖြစ် သတ်မှတ်ပါတယ်။ Windows Platform မှာတော့ Admin Level တစ်ယောက်အနေဖြင့် Full Permission ကို အပြည့်အဝရပါတယ်။ Linux Platform မှာတော့ Root Level တစ်ယောက်အနေဖြင့် Full Permission အပြည့်အဝရသည့်အပြင် Open Source ဖြစ်သည့်အတွက် System အပိုင်းထိပါ ကိုင်တွယ်နိုင်ပါတယ်။

Android OS မှာ ဘာလို့ Root လုပ်ကြတာလဲ???
အထက်မှာ ရှင်းပြခဲ့သည့် Root Level အကြောင်းကို အထိုက်အလျောက်နားလည်မည်ဆိုပါက ဘာကြောင့် Root လုပ်တယ်ဆိုတာကို ဆက်စပ်တွေးကြည့်လို့ရပါတယ်။ အလွယ်ပြောရရင် ဖုန်းမှာ ပါဝင်ပြီးသား System and Application တွေအပြင် ပိုသုံးချင်သူ၊ ပိုကလိချင်သူတွေက Root လုပ်ကြပါတယ်။ ( ကျွန်တော် အပါအဝင်ပေါ့...။ ) အဲလို ကလိနိုင်ဖို့အတွက် Android ဖုန်းကို Root လုပ်ကြပါတယ်။ iphone မှာတော့ ဒါကို Jail break လုပ်တယ်လို့ ခေါ်ပါတယ်။

Saturday, February 19, 2011

How to install Zawgyi Font Package for iphone/ipod


မြန်မာ အိုင်တီမန်း(မန္တလေး) http://nyinyi.mandalaybloggers.org
alex: အကိုရေ..i phone မှာမြန်မာဖေါင့်ထည့်လိုရပါသလား၊ ဘယ်လိုထည့်ရတယ် ဆိုတာကိုလည်း ရှင်းပြပေးပါ့လားဗျာ...

ဇော်ဂျီဖောင့်ထည့်လို့ရပါတယ်။ ဒါပေမဲ့ မိမိ၏ iphone သည် Jailbreak လုပ်ထားသော ဖုန်းဖြစ်ရပါမည်။ Jailbreak ပြုလုပ်ထားသော iphone တွင် Cydia ပါဝင်ပါမည်။

ပြုလုပ်ပုံမှာ -

- မိမိ၏ iphone ကို အင်တာနက် ချိတ်ထားပါ။

- ပြီးရင် Cydia ထဲကို ဝင်ပါ။

- Manage ထဲက Source ကိုသွားပါ။ Edit ထဲက Add လုပ်ပါ။ URL Address တွင်

Friday, February 18, 2011

BarCamp Mandalay 2011 အောင်မြင်မှု မှတ်တမ်း



မြန်မာ အိုင်တီမန်း(မန္တလေး) http://nyinyi.mandalaybloggers.org
၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီ လ၊ ပြည်ထောင်စုနေ့၊ နှင့် ၁၃ ရက်၊ နေ့အထိ မန္တလေးမြို့၊ POPA Hotel တွင် ပထမအကြိမ် ပြုလုပ်ကျင်းပခဲ့သော BarCamp Mandalay 2011 ၏ အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှု၊ နည်းပညာ၊ အတတ်ပညာ၊ အသိပညာများကို လူကြီး၊ လူငယ်များစွာ စုပေါင်း ပါဝင် ဆွေးနွေး လှုပ်ရှားပုံတို့ကို ကျွန်တော်၏ ဘလော့ဒ်တွင် ဤသို့မှတ်တမ်းတင် ပြုစုလိုက်ပါသည်။

ပထမနေ့ - BarCamp Mandalay 2011 တွင် Register လုပ်၍ တက်ရောက်သူပေါင်း - ၂၂၀၀ ဦး
ဒုတိယနေ့- BarCamp Mandalay 2011 တွင် Register လုပ်၍ တက်ရောက်သူပေါင်း - ၉၇၆ ဦး
စုစု​ပေါင်း - BarCamp Mandalay 2011 တွင် Register လုပ်၍ တက်ရောက်စုစုပေါင်း - ၃၁၇၆ ဦး
ဟောပြောသူ - Speaker ဦးရေ ၁၀၈ ဦး

Wednesday, January 26, 2011

EVDO CDMA 800 ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ပြီး အင်တာနက်သုံးမယ်



မြန်မာ အိုင်တီမန်း(မန္တလေး) http://nyinyi.mandalaybloggers.org
CDMA 800 MHz ဖုန်းတွင် အင်တာနက် အသုံးပြုနိုင်ရန်ကို ရေးသားတင်ပြပြီးပါပြီ။ ယခုထပ်မံပြီး အင်တာနက်ရနေတဲ့ CDMA ဖုန်း ( EVDO SYSTEM ဖွင့်ထားသောဖုန်း) ကို မိမိ၏ ကွန်ပျူတာနဲ့ တွဲသုံးကြည့်ကြမယ်လေ။ ဟုတ်ပြီလား...။

ပြုလုပ်ပုံ အဆင့်ဆင့်ကို ကျွန်တော် စာရေးသူက Huawei C5900 CDMA 800 MHz ဖုန်းဖြင့် ချိတ်ဆက် မှုကို ရေးသားဖော်ပြသွားမှာပါ။ ( စမ်းပြစရာဆိုလို့ ဒီတစ်လုံးပဲ ရှိတာကို.. Huawei c5900 ကို ပြောပါတယ်...။ ဒါတောင် သူငယ်ချင်းစီက ခဏငှားပြီးစမ်းသပ်ရတာပါ။ ကျတော်က အဲလို ချမ်းသာတာ။ : P )

ပြုလုပ်ပုံ အဆင့်ဆင့်မှာ -